မော်လမြိုင်ကျွန်း ၆ အောက်တိုဘာ

 

၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက် ၇၀ နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီက မော်လမြိုင်ကျွန်း မြို့ မင်းကျောင်း အခြေခံပညာ မူလတန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

အထိမ်းအမှတ်ပွဲသို့ မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဆွေနှင့် အဖွဲ့အစည်းသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အသက် ၇၀ နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး (၇၇) ဉီး တက်ရောက်ကန်တော့ခံကြသည်။

 

ထို့နောက် ကမ္ဘာ့ဆရာများနေ့တွင် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာကို မော်လမြိုင်ကျွန်းမြို့ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းကြည်က ဖတ်ကြားပြီး ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြကာ ကန်တော့ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

 

ယင်းနောက် ပုသိမ်မြို့တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သော အထက်တန်းကျောင်းသူလေးများက ယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

မော်ကျွန်း မြင့်အောင်