မော်လမြိုင်၊ ၄  ဇွန်

ငါးသယံဇာတထိန်းသိမ်းနိုင်ရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်စေရေးအတွက် ရည်ရွယ်၍ အတ္ထရံမြစ် အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဇွန် ၄ ရက် နံနက် ၈ နာရီက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် မျှော်လင့်ရပ်ဆိပ်ကမ်း၌ ကျင်းပသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ယုနှင့် အဖွဲ့ ဝင်များ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်နိုင်ဝင်း၊ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့်  ဌာနဆိုင်ရာ အကြီးအကဲများ၊ မော်လမြိုင်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမင်းဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးအဖွဲ့များ၊ ရွှေမြိုင်သီရိ မျှော်လင့် ရပ်ဒေသခံပြည်သူများနှင့် ရေလုပ်ငန်းရှင်များ တက်ရောက်ကြပြီး ငါးမြစ်ချင်းသားပေါက်ကောင်ရေ(၁၀၀၀၀၀)နှင့် ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၅၀၀၀၀) စုစုပေါင်းငါးသောက်ပေါက်ကောင်ရေ(၁၅၀၀၀၀) ကို အတ္ထရံမြစ် အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ဝေလင်း(ပြန်/ဆက်)