မော်လမြိုင် မေ ၁၄
မွန်ပြည်နယ် မော်လမြိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လှိုင်ရတနာမြို့ကွက်သစ် ရေပေးရေးစီမံကိန်းလုပ်ငန်းခွင်သို့ မေ ၁၄ ရက်က မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီမံကိန်းဧရိယာအတွင်း ရေပိုက်လိုင်းများသွယ်တန်းနေမှု၊ မြေကျင်းတူးဖော်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါ လှိုင်ရတနာမြို့ကွက်သစ် ရေပေးရေးစီမံကိန်းသည် မော်လမြိုင်မြို့ပြဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် အရေးပါသော အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


