မော်လမြိုင် ဇူလိုင် ၁၉
မော်လမြိုင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ရပ်ကွက်များရှ နေအိမ်များသို့ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ရေ ၄ ပေခန့် ဝင်ရောက်လာသဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
ရေကြီးရေလျှံမှုများကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များသို့ ရေများ၀င်ရောက်မှုကြောင့် စျေးကြိုရပ်ကွက်ရှိ အိမ်ထောင်စု ၆၄ စု၊ ဦးရေ ၂၃၈ ဦး အား စျေးကြိုရပ်ကွက် ဓမ္မက္ကာရီဓမ္မာရုံသို့ လည်းကောင်း၊ ဇေယျာမြိုင်ရပ်ကွက် အိမ်ထောင်စု ၂၁ စု၊ ဦးရေ ၆၇ ဦးအား အမက(၁)ဇေယျာမြိုင်သို့ လည်းကောင်း၊ လှိုင်ရပ်ကွက်ရှိ အိမ်ထောင်စု ၅၁ စု၊ ဦးရေ ၂၃၀ ဦးအား ရတနာသိင်္ဂဘုန်းကြီးကျောင်းသို့လည်းကောင်း၊ အိမ်ထောင်စု ၁၄ စု၊ ဦးရေ ၇၀ အား ဇမ္ဗူဒီပါဘုန်းကြီးကျောင်းသို့ လည်းကောင်း စုစုပေါင်း ဦးရေ ၆၀၅ ဦးအား ရေကင်းလွတ်သည့် ကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာက ရွှေ့ပြောင်း ပေးခဲ့သည်။
ထို့အတူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ရွှေပြည်အေး၊ ဒိုင်းဝန်ကွင်း၊ မြိုင်သာယာ၊ သုခဝတီ၊ ရွှေမြိုင်သီရီ၊ အင်းယားလမ်း၊ လှိုင်ရပ်ကွက်တို့ရှိ ပြည်သူများအား မီးသတ်တပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များက သွားရောက်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)