မော်လမြိုင် အောက်တိုဘာ ၅
မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ အမှတ်(၂)ဈေးကြီးရှေ့ ဦးအောင်ဇော်ထွေး၏ ပရဆေးဆိုင်တွင် ယနေ့ နံနက် ၃ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားရာ ပြည်နယ်မီးသတ်မှူး၊ ဒုပြည်နယ်မှူးတို့က အနီးကပ်ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆိုင်တွင်းရှိ Chemical ပစ္စည်းများ (မတည့်) ဓာတ်ပြုရာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရ/ သေဆုံးမှုမရှိဘဲ ဆုံးရှုံးမှု တန်ဖိုးမှာ ၅၀၀၀၀ဝ ခန့်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။
ခင်စန်းမြင့်(ခရိုင် ပြန်/ဆက်)