မော်လမြိုင် မတ် ၂၃

 

မွန်ပြည်နယ် မော်လမြိုင်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ငလျင်ဘေးအန္တရာယ် အသိပညာပေး နှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ် ၂၁ ရက် နံနက် ၉ နာရီတွင် မော်လမြိုင်မြို့အတွင်းရှိ မရမ်းကုန်းရပ်ကွက်၊ ပန်းပဲတန်း ရပ်ကွက်၊ ဘိုကုန်းရပ်ကွက်၊ သိမ်ကုန်းရပ်ကွက်၊ အောက်ကျင်းရပ်ကွက်နှင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)တို့တွင် ဆောင်ရွက်သည်။

 

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများက လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေကာ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)