မော်လမြိုင် ဇွန် ၂၄
၂၀၂၃ ခုနှစ် ပြည်နယ်အဆင့် ဆီးချို၊ သွေးချို ရောဂါအကြောင်း ဆွေးနွေးပွဲကို ဇွန် ၂၄ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုဆရာ ဝန်ကြီး ပါမောက္ခ ဒေါက်တာမိုးဝင့်အောင်က ဆီးချို၊ သွေးချိုရောဂါ၏ သတိပြုစရာအချက်များ ကိုလည်ကောင်း၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်သန့်က ဆီးချို၊ သွေးချိုရောဂါအတွက် နေထိုင်စားသောက်မှု လမ်းညွှန်အကြောင်းကို လည်ကောင်း ဆွေးနွေးပြေားကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဆီချိုရောဂါနှင့် သွေးတိုးအခမဲ့စစ်ဆေးပေးခြင်း၊ ဆေးဝါးအခမဲ့ကုသပေးခြင်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)