မော်လမြိုင် နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မင်းကြီးလမ်း၊ သံလွင်ဥယျာဥ်ဝင်းအတွင်းရှိ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်၌ ပထမဆုံးအကြိမ် စကက်ပန်းချီးပြပွဲကို ငါးရက်ခန့်ပြသသွားမည်ဖြစ်ကာ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက် နာယက ဒေါက်တာတင်စိုးနှင့် စာကြည့်တိုက်ဥက္ကဋ္ဌ ဦးသောင်းထိုက်တို့က ပြပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ပြပွဲတွင် မော်လမြိုင်မြို့၏ ရှေးကျသော အဆောက်အအုံပုံစံများကို ပန်းချီဆရာ ၁၈ ဦးတို့၏ စကက်ပန်းချီလက်ရာမျိုးစုံတို့ဖြင့် ရေးဆွဲထားသော ပန်ချီကား ၁၁၅ ကား ပြသထားသည်။ စကက်ပန်းချီပြပွဲတွင် ပန်းချီကားစျေးနှုန်းအနေဖြင့် အနိမ့်ဆုံး ငွေကျပ် လေးသောင်းမှ အများဆုံး ငွေကျပ်နှစ်သိန်းအထိရှိကာ ပြပွဲကို နံနက် ၉ နာ ရီမှ ညနေ ၄ နာရီအထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မုဒုံ မောင်မောင်