မော်လမြိုင် ၂၄ ဇူလိုင်
မွန်ပြည်နယ် မော်လမြိုင်မြို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်း၌ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က အမှာစကားပြောကြားပြီး ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးဟိန်းလင်းထက် က ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ရဲတပ်ဖွဲ့မှ သိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပဒေများကို Power Point ဖြင့် ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။
စမ်းစမ်းနွယ်(ပြန်/ဆက်)


