မော်လမြိုင် ဩဂုတ် ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့် ကော့လှာကျေးရွာအုပ်စု၊ ကော့လှာကျေးရွာ၌ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ဒုတိယအကြိမ် ထုတ်ချေး ခြင်း အခမ်းအနားကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့် အညီ ဩဂုတ် ၁၉ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မော်လမြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိရွှေစင်မြတ်ကျော်က ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းသည် COVID-19 ကူးစက် ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက်မှုများကို ပြန်လည်တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချလိုသူများ၊ အသေးစားစီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူများ၊ စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်တိုးချဲ့ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မော်လမြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့် စီမံကိန်း တာဝန်ခံများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေများကို ကျေးရွာစီမံကိန်းကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာစီမံကိန်း ကော်မတီဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ အဆိုပါကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း(၃၆)ဦး၊ ရေလုပ်ငန်း (၃၄)ဦး၊ အရောင်းအဝယ်လုပ်ငန်း(၁၅)ဦး၊ စုစုပေါင်း(၈၅)ဦးတို့အား စီမံကိန်းထောက်ပံ့ ရန်ပုံငွေကျပ် (၃၁၁)သိန်းကိုထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်


