မော်လမြိုင် ၈ နိုဝင်ဘာ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်မဲများအား ယနေ့ ညနေပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ရေတွက်လျက်ရှိသည်။
နိုင်ငံရေးပါတီများ၊ လေ့လာသူများနှင့် သတင်းမီဒီယာများရှေ့မှောက်တွင် ဆန္ဒမဲများကို ပွင့်လင်းမြင်သာစွာဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ရေတွက်ခဲ့ကြသည်။
မော်လမြိုင်မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ (၂၃၈၃၉၈)ဦးရှိပြီး တစ်သီးပုဂ္ဂလ (၁) ဦး၊ နိုင်ငံရေးပါတီ (၇) ပါတီမှ ကိုယ်စားလှယ်လောင်း (၂၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


