မော်လမြိုင် မေ ၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မိုးကာလအတွင်း မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိကြ စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးခြင်းကို မြေစိုက်ဆိုင်းဘုတ်များဖြင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့တွင် ပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေး မြေစိုက်ဆိုင်းဘုတ်တွင် မုန်တိုင်းအန္တရာယ့်အတွက် ကြိုတင်ပြင်ဆင်ရန် အချက် များ၊ မုန်တိုင်းကျရောက်ဆဲ၊ ကျရောက်ပြီးအချိန်များတွင် လုပ်ဆောင်ရမည့်အချက်များ၊ မုန်တိုင်း အန္တရာယ်အား ကြိုတင်သိရှိနိုင်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်စေရန် ပြည်သူများအနေဖြင့် သဘောပေါက် လွယ်စေသည့် အရောင်ဖြင့် သတိပေးစနစ်များကို ပြသထားသဖြင့် ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)