မော်လမြိုင် ၂၄ ဒီဇင်ဘာ
မော်လမြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကျေးရွာများအား သောက်သုံးရေ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ နွေရာသီကာလတွင် ရေရှားပါးသည့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ရိုးဂိုးကျေးရွာ၊ ဖားအောက်ကျေးရွာနှင့် ကော့ခမယ်ကျေးရွာတို့တွင် တစ်နှစ်ပတ်လုံး ရေရရှိနိုင်မည့် ရေအရင်းအမြစ် တည်နေရာအား မော်လမြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဉီးမင်းဝေဖြိုးနှင့် ရုံးဝန်ထမ်းများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ်ဉီးစီးမှူး ဉီးမင်းဝေဖြိုးက ကျေးရွာအတွင်း တစ်နှစ်ပတ်လုံး ရေရောက်ရှိအောင် ရေအရင်းအမြစ်မှ ရေကို ကျေးရွာသို့ အမြင့်တင်ရေစင် တည်ဆောက်ပြီး ပိုက်လိုင်းဖြင့် သွယ်တန်း၍ ရေမီတာစနစ်ဖြင့် ဆောင်ရွက်မည်နည်းလမ်းများကို ရိုးဂိုး၊ ဖားအောက်၊ ကော့ခမယ်ကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး အကြံပြုခဲ့ပြီး၊ ကျေးရွာအတွင်း ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသည့် သောက်သုံးရေရရှိရေးနှင့် အခြားအခက်အခဲများရှိပါက အချိန်မီ တင်ပြရန် အဆိုပါကျေးရွာသုံးရွာတို့မှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)


