မော်လမြိုင်    ၁၆   အောက်တိုဘာ      

 

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံကြီးတွင် ယမန်နေ့ မွန်းလွဲပိုင်း၌ ကျိုက်သလ္လံစေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံရေး နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှုနိုင်ရေးအတွက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲသို့  မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဦးရွှေမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးကျော်သူဇော်နှင့် ဌာနဆိုင်ရာများ၊ ကျိုက်သလ္လံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

mdn

 

ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ကကျိုက်သလ္လံ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံရေးနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထား တင်ပြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများမှ ဩဝါဒစကား မိန့်ကြားခဲ့သည်။            ဆက်လက်၍ စေတီတော်ဂေါပကအဖွဲ့ဥက္ကဌ  ကစေတီတော်ကြီးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များလျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။

 

စမ်းစမ်းနွယ်                                                                                                                               ပြည်နယ်(ပြန်/ဆက်)