မော်လမြိုင် ၁၁ ဇူလိုင်

 

မွန်ပြည်နယ်၊   မော်လမြိုင်မြို့နယ်တွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် မြို့နယ်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ   ဦးတင်ယု ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့ () ဖွဲ့ဖြင့်  ဇူလိုင် ၁၀ ရက် မွန်းလွဲ နာရီမှ ညနေ နာရီထိ ဈေးကြိုရပ်ကွက်  မီးပွိုင့်လမ်းဆုံ၌ ပြည်သူများ (Stay at Home) ကာလ  နေအိမ်ပြင်ပ သွားလာခွင့်လက်မှတ် ပါရှိမှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၇ ရက်ရက်စွဲပါ အမိန့်အမှတ်၊ ၂၇၈/၂၀၂၁ ဖြင့်  မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်အား နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ခံများက အိမ်ထောင်စုတစ်စုလျှင် တစ်ကတ်နှုန်းဖြင့် ပြင်ပသွားလာခွင့်လက်မှတ် ထုတ်ပေးထားပြီးဖြစ်၍ အဆိုပါလက်မှတ်ဖြင့် သွားလာရမည်ဖြစ်ပြီး မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားရောက်ရန်လိုအပ်ပါက ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များအညီ လိုက်နာကြရေး အသိပညာပေး ဆောင်ရွက်ကြသည်။

 

အလားတူကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ခြင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

mdn