မော်လမြိုင်    ဇူလိုင်        ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ကြရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ယု ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့များသည်  ဇူလိုင် ၁၅  ရက် မွန်းလွဲပိုင်းက ကော့လှာကျေးရွာ အဝင်/အထွက်လမ်းများ၌ ပြည်သူများ (Stay at Home) ကာလ နေအိမ်ပြင်ပ ဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးကြောင်းသိရသည်။

စစ်ဆေးရာတွင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ တာဝန်ခံများက အိမ်ထောင်စု တစ်စုလျှင် တစ်ကတ်နှုန်း ပြင်ပဈေးဝယ်သွားလာခွင့် လက်မှတ်ထုတ်ပေးထားပြီးဖြစ်၍ အဆိုပါလက်မှတ်ဖြင့်  သွားလာရမည်ဖြစ်ပြီး မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားရောက်ရန် လိုအပ်ပါက ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များဖြစ်သည့် ပါးစပ်၊ နှာခေါင်းစည်းစနစ်တကျတပ်ဆင်ကြရေး အသိပညာပေးဆောင်ရွက်ကြသည်။ 

အလားတူကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း  ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ခြင်းဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)