မော်လမြိုင်    ၂၆  မတ်    

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ဈေး၊ ဘူတာကြီးနှင့် အဝေးပြေးကားဝင်းများအား ပိုးသတ်ဆေးပက်ဖြန်းခြင်းလုပ်ငန်းကို မတ် ၂၅ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော Bleaching Powder 35% (Calium Hypo Chlorite) ပိုးသတ်ဆေးများကို မော်လမြိုင်မြို့ မြိုင်ရတနာလေးထပ်ဈေး၊ မြေနီကုန်းအဝေးပြေးကားဝင်း၊ ဈေးကြိုအဝေးပြေးကားဝင်း နှင့် မော်လမြိုင်ဘူတာကြီးတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးမှ ဦးဆောင်ကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်  တာဝန်ရှိသူများတို့က မီးသတ်ယာဉ်များ၊ HNE ကျောလွယ် ပုံးများဖြင့် စုပေါင်းပက်ဖျန်းခဲ့ကြောင်းသိရသည်။ 

ဝေလင်း(ပြန်/ဆက်)