မော်လမြိုင်   နိုဝင်ဘာ   ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူး၍ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဆင်းပွဲကို မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မော်လမြိုင် လူငယ်သင်တန်းကျောင်း (စမ်းကြီး)တွင်  နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ် အသေးစား စက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုက လျှပ်စစ်အန္တရာယ်ကို သိရှိနားလည်၍ လျှပ်စစ်ဝါယာရိန်း၊   လျှပ်စစ်ဆိုင်ရာ ပစ္စည်းများကို နည်းစနစ်မှန်ကန်စွာ ကိုင်တွယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး မော်လမြိုင် လူငယ်သင်တန်းကျောင်း  ကျောင်းအုပ်  ဦးဧရာဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြများဖြစ်သည့် လက်ထောက်အင်ဂျင်နီယာ ဦးသက်နောင်နောင်ဦးနှင့် ဒုတိယဦးစီးမှူး ဦးစိုင်းခွန်သူရိန်ဦးတို့က သင်တန်းသား ၂၀ အား နိုဝင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ ၁၅ ရက် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)