မော်လမြိုင်   နိုဝင်ဘာ   ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊  မွန်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းမှု   နည်းပညာ သင်တန်း ဖွင့်ပွဲကို နိုဝင်ဘာ ၅ ရက်က မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း (စမ်းကြီး)တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ဝါက အမှာစကား ပြောကြားပြီး လက်ထောက်အင်ဂျင်နီယာ ဦးသက်နောင်နောင်ဦးနှင့် ဒုတိယဦးစီးမှူး ဦးစိုင်းခွန်သူရိန်ဦးတို့က စာတွေ့ ၂၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၈၀ ရာခိုင်နှုန်း သင်ကြားပို့ချပေးသည်၊၊

သင်တန်းကာလမှာ နိုဝင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ ၁၅ ရက် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၂၀ တက်ရောက်ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)