မော်လမြိုင် ၂၃ အောက်တိုဘာ

 

မွန်ပြည်နယ် မော်လမြိုင်မြို့သာယာအေးရပ်ကွက်ရှိအခြေခံလူတန်း စားနေအိမ် ၁၀၉ လုံးအား ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်ပစ္စည်း(၁၁)မျိုး ကိုယမန်နေ့၌ ဘိုဘိုဝင်း (RESCUE) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့သို့လှူဒါန်းရာတွင် အများအလှူရှင်၏ လှူဒါန်းငွေများဖြင့် ဘိုဘိုဝင်း (RESCUE) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်း(၁၁)မျိုးကို လှူဒါန်းခဲ့ရာ (ရ)ရက်နေ့မြောက် အလှူဖြစ်ပြီး အိမ်ထောင်စု(၄၃၁)စုတို့အား လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

 

စမ်းစမ်းနွယ် ပြည်နယ်(ပြန်/ဆက်)