မော်လမြိုင် ဩဂုတ် ၁၅
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှုနှုန်း လျော့ နည်းကျဆင်းမှုရှိသော်လည်း ရောဂါဖြစ်ပွားမှုကွင်းဆက် ဖြတ်တောက်နိုင်ရေးအတွက် စစ်ဆေးကြပ်မတ် လုပ်ငန်းကို ဩဂုတ် ၁၄ ရက် ညနေပိုင်းက လူအဝင်အထွက်နှင့် လူစည်ကားရာနေရာများဖြစ်သည့် ကမ်းနားလမ်းနှင့် ညဈေးတန်းတစ်လျှောက်တွင် လမ်းသွားလမ်းလာပြည်သူများနှင့် ယာဉ်များအား ရပ်တန့် ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်ယု ဦးဆောင်သည့်ကော်မတီ အဖွဲ့ ဝင်များက အဖွဲ့များခွဲကာ ပူးပေါင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးခြင်းသည် လူစုလူဝေးဖြစ်ပေါ်မှု မရှိစေရန်နှင့် ရောဂါကူးစက်မှု ထိရောက်စွာဟန့်တား နိုင်ရေးအတွက် မြို့နယ်အတွင်းပြည်သူများနှင့် အခြားပြင်ပမြို့နယ်များမှ လာရောက်သူများကို သက်ဆိုင်ရာ ထောက်ခံချက်ပါ၊ မပါစစ်ဆေးခြင်း၊ နေအိမ်ပြင်ပ ဈေးဝယ်သွားလာခွင့်ကဒ်ပါရှိမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ ပြင်ပ ထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ၊ မရှိစစ်ဆေးဆောင်ရွက်သည်။ ပထမအကြိမ် နှာခေါင်း စည်း တပ်ဆင်ထားခြင်းမရှိပါက ဒဏ်ငွေငါးရာကျပ် ပေးဆောင်စေ၍ နှာခေါင်းစည်းနှစ်ခု ပေးအပ်ကာ အခု တပ်ဆင်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့ ပါက ကိုဗစ်-၁၉ရောဂါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်နှိမ်နှင်းရေးဥပဒေများအရ အရေးယူမှုသွား မည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


