mdn


မော်လမြိုင်     ဩဂုတ်    ၂၃

မွန်ပြည်နယ် မော်လမြိုင်မြို့၌  ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်းကိုသြဂုတ် ပထမပတ်မှစတင်ပြီး အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိရာ    ယနေ့နံနက် ၁၀ နာရီက   မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ကမ်းနာလမ်းတစ်လျှောက်နှင့်   လမ်းဆုံ၊  လမ်းသွယ်တို့၌ မိဘပြည်သူများအနေဖြင့်  နေအိမ်ပြင်ပထွက်ခွာပါက  ပါးစပ်၊ နှာခေါင်းစည်း(Mask) နှင့် မျက်နှာအကာ Face Shieldကို စနစ်တကျ တပ်ဆင်သွားကြရန်၊ အရာဝတ္တုတစ်ခုခုကို  ကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ကြရန်၊  ပါးစပ်၊  နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော   ဈေးသည်များမှ  ဈေးဝယ်ခြင်း မပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ကာကွယ်ဆေး မပျက်မကွက် ထိုးနှံပေးကြရန် စသည့်ကာကွယ်ရေး လမ်းညွှန်ချက် နှိုးဆော်ပေးသည်။

အဆိုပါကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကာကွယ်ရေးစည်းကမ်းချက်အတိုင်း လိုက်နာခြင်းဖြင့် ပြည်သူများအားလုံး  ပူးပေါင်းပါဝင်ပေးကြပါရန်  အသိပညာပေး  လုပ်ငန်းများကို ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
     
ခရိုင်(ပြန်/ဆက်)