မော်လမြိုင်   နိုဝင်ဘာ   ၁၆

 

၂၀၂၁ ခုနှစ်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် Physical Fitness Dance နည်းပြသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ယုက အမှာစကားပြောကြားပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပြီး သင်တန်းသား၊  သင်တန်းသူများက Physical  Fitness Dance အကအလှဖြင့် သရုပ်ပြ ဖျော်ဖြေသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကြပြီး နိုဝင်ဘာ ၈ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)