မော်လမြိုင် ၂၇ နိုဝင်ဘာ
မွန်ပြည်နယ် မော်လမြိုင်မြို့၏ ပထမဦးဆုံး ခေတ်မီအဆင့်မြင့် အိမ်ရာစီမံကိန်းဖြစ်သည့် ရွှေမြိုင်ဥယျာဉ်အိမ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မော်လမြိုင်မြို့ မြို့ရှောင်လမ်းရှိ အဆိုပါအိမ်ရာဝင်းရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေမြိုင်ဥယျာဉ်အိမ်ရာအား မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် GOLDEN RICH LAND Co.,Ltd မှ ဦးမောင်မောင်ထွန်း + ဒေါ်တင်တင်ခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး GOLDEN RICH LAND Co., Ltd, Managing Director ဒေါ်တင်တင်ခိုင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် GOLDEN RICH LAND Co.,Ltd တာဝန်ရှိသူများက ရွှေမြိုင်ဥယျာဉ်အိမ်ရာအား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ရွှေမြိုင်ဥယျာဉ်အိမ်ရာ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပြီး လုံချင်းအိမ်ရာများ တည်ဆောက်ထားမှုကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ရွှေမြိုင်ဥယျာဉ်အိမ်ရာကို GOLDEN RICH LAND Co.,Ltdမှ တာဝန်ယူကာ ခေတ်မီအဆင့်မြင့် လုံးချင်းအိမ်ရာ ၄၄ လုံး ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)