မော်လမြိုင် ၁၁ ဇွန်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၇ နာရီတွင် မုဒုံမြို့နယ်၊ ကျောင်းသစ်စာသင်တိုက် ၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးမှူး ဦးသန်းဆွေ ဦးဆောင်ပြီး အဖွဲ့ဝင်(၆)ဦးဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကိုဆောင်ရွက်ခဲ့သည်။
အလားတူ ဇွန်လ(၄)ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ်၌ အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းတွင် အသုံးပြုမည့် တက္ကသိုလ်ပင်မဆောင်၊ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ ဗညားထော စာသင်ဆောင်၊ ရာမည(၁)(၃)(၄) စာသင်ဆောင်များကို မော်လမြိုင်ခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်၍လည်းကောင်း၊ ဇွန်လ(၇)ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် Quarantine Centre ဖွင့်လှစ်ထားရှိခဲ့သည့် အ.ထ.က(၃) ကျောင်းတွင် ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး၊မုဒုံမြို့နယ် မီးသတ်ဦးစီးမှူးဦးဆောင်၍ ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)


