မော်လမြိုင် ၂၀ ဧပြီ
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေရပ်ပြန်များကို မော်လမြိုင်တက္ကသိုလ် (၁၀)မြို့နယ်အဆောင်များတွင် Community Based Facility Quarantine (CBFQ) သီးသန့်နေထိုင်စောင်ကြည့်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သီးသန့်နေထိုင် စောင့်ကြည့်မှု ၂၁ ရက်ကြာ ပြည့်ပြီးသူ နေရပ်ပြန်(၂၄) ဦးတို့ကို နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၁ ရက်ပြည့်ပြီးသူ(၂၄)ဦးမှာ CBFQ တွင် မတ် ၃၀ ရက်နေ့မှစ၍ လာရောက် နေထိုင်သူများဖြစ်ပြီး ၎င်းတို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရပ်ဖက် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများတို့မှ ပူးပေါင်းကာ သက်ဆိုင်ရာ ရပ်ကွက်ရှိ နေအိမ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်။
မော်လမြိုင်တက္ကသိုလ်(၁၀)မြို့နယ်အဆောင်များတွင် ယနေ့အထိ သီးသန့်နေထိုင်သူ ၂၀ဝ နီးပါးခန့် ကျန်ရှိနေသေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


