မော်လမြိုင် မတ်လ ၂၄

မွန်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကျင်းပသည်။

 

ဦးစွာ မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာချစ်စိန် က အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြု၍ အခြေခံကွန်ပျူတာအသုံးပြုခြင်းများကို တတ်ကျွမ်းစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပေးသည့် သင်ခန်းစာများအား ဂရုစိုက် သင်ကြားပြီး လက်တွေ့တွင် ကိုင်တွယ်အသုံးပြုကြစေရေး၊ သင်တန်းအား သင်တန်းပြီးမြောက် သည်အထိ မပျက်မကွက် တက်ရောက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၄၇ ဦး တက်ရောက်ကာ သင်တန်းကို မတ် ၂၄ ရက်မှ ဧပြီ ၂၄ ရက်နေ့အထိ တစ်လကြာ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)