မော်လမြိုင် နိုဝင်ဘာ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်း ဦးစီးဌာနမှကြီးမှူး၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မော်လမြိုင်မြို့ ၊ လူငယ်သင်တန်းကျောင်း (စမ်းကြီး)တွင် ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ဝါက လူငယ်သင်တန်းကျောင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် လူငယ်များ အနေဖြင့် အဆိုပါ ကျောင်းမှပြန်လည်ထွက်ခွာ၍ ပြင်ပသို့ရောက်ရှိသည့်အခါ မိမိတို့၏ ဘဝရပ်တည်မှု အတွက်သင်ကြားပေးသော အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာကိုအသုံးချပြီး အလုပ်အကိုင်များ အဆင်ပြေစေရန်၊ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းငယ်များ ထူထောင်နိုင်ကြစေရန်၊ လျှပ်စစ်အန္တရာယ်ကို သိရှိပြီးလျှပ်စစ်ဝါယာရိန်း၊ လျှပ်စစ်ဆိုင်ရာပစ္စည်းများကို နည်းစနစ်တကျ ကိုင်တွယ်ပြုပြင်တပ်ဆင်အသုံးပြု နိုင်ရန် ရည်ရွယ်ချက်များဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်၊၊
သင်တန်းကာလမှာ နိုဝင်ဘာ ၅ ရက်မှ ၁၉ ရက်နေ့အထိ ၁၅ ရက် သင်ကြားပေးမည်ဖြစ်ကာ သင်တန်းတွင် မွန်ပြည်နယ် အသေးစား စက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးသက်နောင် နောင်ဦးနှင့် ဒုတိယဦးစီးမှူး ဦးစိုင်းခွန်သူရိန်ဦးတို့က သင်တန်းသား ၂၀ ဦးတို့အား စာတွေ့ ၂၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၈၀ ရာခိုင်နှုန်း သင်ကြားပို့ချပေးမည်ဖြစ်သည်၊၊ ယင်းသင်တန်းကို မွန်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးမှူး ဒေါ်လဲ့ရည်ဝင်း၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း ကျောင်အုပ်ကြီး ဦးဧယာဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်၊၊
ဇာဖြူဝင်း(ပြန်/ဆက်)


