မော်လမြိုင် ၂၃ ဧပြီ
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ သုတ/ရသ စာအုပ်စာစောင်များကို နေ့စဉ်လိုက်လံ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် ဟိုတယ်နှင့် ခရီးသွား၊ အခွန်ဦးစီးဌာနနှင့် ခရိုင်စက်မှုကြီးကြပ်ဌာနတို့တွင် သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်သည် မော်လမြိုင်မြို့ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် တက္ကသိုလ်၊ ကောလိပ်အပြင် ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မုဒုံမြို့နယ်များရှိ အခြေခံပညာကျောင်းများ စသည်တို့တွင် သုတရသ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်မှ သုတ/ရသ စာအုပ်စာစောင်များကို ရက်သတ္တပတ် နှစ်ပတ်ကြာ ငှားရမ်းပေးပြီးမှ သွားရောက်သိမ်းဆည်းကာ စာအုပ်စာစောင်အသစ်များကို ပြန်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


