မော်လမြိုင်  ၂၁  ဧပြီ

 

ထိုင်းနိုင်ငံမှ ပြန်လာသည် မြန်မာနိုင်ငံအရပ်ရပ်တွင် နေထိုင်သူ (၇၀၀) ကျော်ကို မော်လမြိုင် တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်များတွင် Community Based Facility Quarantine(CBFQ) သီးသန့်နေထိုင် စောင့်ကြည့်မှုများပြုလုပ်ခဲ့ရာ ဧပြီ ၂၁ ရက်တွင် သီးသန့်နေထိုင်စောင့်ကြည့်မှု ၂၁ ရက်ပြည့်ပြီးသူ (၅၃၃)ဦးကို နေရပ်သို့ ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်သူ(၅၃၃) ဦးတို့သည် မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းရှိ Community Based Facility Quarantine (CBFQ) ထားရှိမည့် အဆောင်သို့ မတ် ၃၁ ရက် ညပိုင်းက ရောက်ရှိကာ ၂၁ ရက်ကြာ သီးသန့်နေထိုင်ခဲ့သူများဖြစ်ပြီး ၎င်းတို့ကို ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် စနစ်တကျစိစစ်ကာ နေရပ်သို့ ပြန်လည်စေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝေလင်း(ပြန်/ဆက်)