မော်လမြိုင်တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (အခမဲ့) သင်ကြားပေးမည်

မော်လမြိုင် နိုဝင်ဘာ ၁၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  မွန်ပြည်နယ်  အသေးစား  စက်မှု၊ လက်မှုလုပ်ငန်း ဦးစီးဌာနမှကြီးမှူး၍  ယနေ့ နံနက် ၁၀ နာရီက  တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲကို အဆိုပါရုံးခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးနှင့်  ကလေးသူငယ် စွမ်းဆောင်ရည်မြှင့်တင်  ရှေ့ဆောင်အသင်း     ဉက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်အသေးစား စက်မှု၊ လက်မှုလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက မိမိဌာန အနေဖြင့် နိုင်ငံတစ်ဝှမ်း  အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများ   ပေါ်ထွန်းလာစေရေး လူငယ်များအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ၊ အထောက်အကူပြုကာလတို သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလများတွင် တစ်ပိုင်တစ်နိုင် အသေးစား စီးပွားရေးလုပ်ငန်း ထူထောင်လိုသည့် လုပ်ငန်းရှင်များလည်း တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်း လေ့ကျင့် သင်ကြားရာ၌ စက်ပစ္စည်းများ စနစ်တကျ အသုံးပြု၍ လက်တွေ့တတ်မြောက်စေရန် GMP၊ GHP စနစ်များ ဖြင့်   ဘေးဉပါဒ် ကင်းရှင်းစေမည့်  ကုန်ထုတ်လုပ်ငန်းများ    ထုတ်လုပ်နိုင်သည်အထိ အခမဲ့ သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သမဝါယမဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးက  သမဝါယမ  နည်းလမ်းများဖြင့် အရင်းအနှီး  ချေးငွေရယူနိုင်မည့် နည်းလမ်းများကို ရှင်းလင်းပေးသည်။ 

 

အဆိုပါသင်တန်းတွင် သီးနှံအခြေခံသည့် ယိုအမျိုးမျိုး၊ ဖျော်ရည်အမျိုးမျိုး၊ နာနတ်သီး၊ Syrub၊ ရှောက်ပျားရည်၊ အုန်းစိမ်းဂျယ်လီနှင့် သစ်သီးဂျယ်လီ ပြုလုပ်ခြင်းတိုကို သင်တန်းနည်းပြ ၂  ဦးက  စာတွေ့၊   လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလကို  နိုဝင်ဘာ ၁၁ မှ ၁၅ ရက်နေ့ထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကာ သင်တန်းသား၊ သင်တန်းသူ ၂၀  တက်ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)