အင်းတော် ၅ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့တွင် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မော်လူးမြို့ ၂၄ နာရီ မီးလိုင်းထိန်းသိမ်းရေးကော်မတီမှ ကျပ် သိန်း ၄၀၀ ကျော် ခန့်တန်ဖိုးရှိ blue photo, Ultrasound, patient monitor, ဓာတ်မှန်ရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို မော်လူးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၄ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ အင်းတော်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမြတ်ကုဋေ၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်တို့က အသီးသီး အမှာစကားပြောကြားသည်။ ထို့နောက် ပစ္စည်းလှူဒါန်းပွဲ ဆက်လက်ကျင်းပရာ လှူဒါန်းပစ္စည်းများအား မော်လူးမြို့ ၂၄ နာရီ မီးလိုင်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များက အသီးသီးပေးအပ်ကြပြီး မော်လူးမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာဝတ်မှုန်ထွန်းမှ ကျေးဇူးတင်စကားပြောကြားကာ လှူဒါန်းပစ္စည်းများအား ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

လူအောင်(ကသာ)