မော်လူး ၁၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးမြို့တွင် ယနေ့နံနက် ၈ နာရီက မော်လူးတိုက်နယ် ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံသည်။
တိုက်နယ် ကျန်းမာရေးဝန်ထမ်း ပူးပေါင်းအဖွဲ့သည် ရုံးဖွင့်ရက် တနင်္လာနေ့မှ သောကြာနေ့ထိ (၅)ရက် ရက်သတ္တပတ်(၂)ပတ် ယနေ့မှစ၍ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်သည်။ ထို့နောက် ဇွန်(၁)ရက်နေ့မှ စ၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း ကျေးရွာအားလုံးကို သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဟု တိုက်နယ်ကျန်းမာရေးဌာနမှ ဦးကြည်ကိုကို(ကျန်းမာရေးကြီးကြပ်-၁) က ပြောသည်။
၀၇၉


