မော်လူး ၄  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့မော်လူးဒေသ(၉)တိုင်နယ် ဒီပင်္ကရာ မဟာစေတီတော်မြတ်ကြီး၏ (၁၁၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပွဲတော်အတွင်းရောင်းချသော ဈေးဆိုင်ခန်းများအား ကျန်းမားရေးနှင့် ညီညွတ်မှုရှိမရှိတို့ကို စစ်ဆေးခဲ့ကြသည်။

 

223

 

"ဒီနေ့ (၁၁၁)ကြိမ်မြောက် နှစ်စဉ်ကျင်းပပြုလုပ်တဲ့ ဒီပင်္ကရာဗုဒ္ဓပူဇနိယပွဲတော်မှာ ရောင်းချနေ တဲ့ဈေးဆိုင်တွေကို စစ်ဆေးပါတယ် အဓိကတော့ အစားအ‌သောက်တွေမှာ ယင်မနားအောင် ဖုန်အမှိုက်တွေ မဝင်အောင် စနစ်တကျဖုန်းအုပ်ထားဖို့နဲ့ သန့်ရှင်းသပ်ရပ်ဖို့ ကျန်းမာရေး အသိ ပညာပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ် " ဟု မော်လူးမြို့တိုက်နယ်ဆရာ ဝန်ကြီးဒေါက်တာဝတ်မှုံထွန်းက ပြောကြားခဲ့သည်။

 

အဆိုပါ ပမာဏကွင်းဆင်းစစ်ဆေးရာသို့ မော်လူးမြို့ တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာဝတ်မှုံထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဒီပင်္ကရာဘုရားပွဲတော်ဖြစ်မြောက်ရေး ဂေါပကဥက္ကဋ္ဌ ဦးတင်နွယ်နှင့် အဖွဲ့တို့က စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

 

785

 

" ဒီနှစ်မှာတော့ ပွဲတော်က‌‌တော့စည်ကားပါတယ်၊ မနှစ်ကဆိုင်ခန်းပေါင်း ၃၀ဝ လောက်ရောင်းချရပြီး ဒီနှစ်မှာတော့ ဆိုင်ခန်းပေါင်း(၇၀ဝ)လောက် နေရာချထားပေးခဲ့ပေမယ့် လက်ရှိမှာတော့ဆိုင်ခန်းပေါင်း (၁၇၀)ခန့်ပဲ ရောင်းချနိုင်ခဲ့ပါတယ် " ဟု ဒီပက်ရာဘုရားပွဲတော်ဖြစ်မြောက်ရေး ဂေါပကတွဲဖက် အတွင်းရေးမှူးဖြစ်သူ ဦးချစ်ရွှေက ပြောကြားခဲ့သည်။

 

နီတိုး