မော်လူး  ၂၅  ဇွန် 


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ မင်းသီရိရပ်ကွက်(အုန်းဒုတ်) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က မော်လူးပညာရေးအုပ်စု မူလတန်းဆင့်ကျောင်းပေါင်း(၁၇)ကျောင်းအတွက် ဗလာစာအုပ်များကို အခမဲ့ဖြန့်ဝေကြကြောင်း သိရသည်။


"ကျွန်တော် မော်လူးပညာရေးအုပ်စုမှာ KG တန်းမပါ မူလတန်းဆင့်ကျောင်းပေါင်း (၁၇)ကျောင်းအတွက် ကျောင်းသားတစ်ဦးကို ဗလာစာအုပ် (၁၂)အုပ်စီကို အခမဲ့ဖြန့်ဝေပေးပါတယ်။ မနှစ်ကကျောင်းသားတစ်ဦးကို ဗလာစာအုပ်(၆)အုပ်နဲ့ ကျောင်းစိမ်းဝတ်စုံ ပေးပါတယ်။ ဒီနှစ်မှာတော့ ကျောင်းဝတ်စုံကို မပေးတော့ဘဲ ဗလာစာအုပ်ကို (၆)အုပ်စီကို ပိုပေးခဲ့တာပါ" ဟု တုံးလုံရွာအခြေခံပညာမူလွန်ကျောင်းအုပ်ဆရာကြီး ဦးနှင်းအောင်ကပြောကြားသည်။


အဆိုပါ ကျောင်းသုံးဗလာစာအုပ် ပေးအပ်ရာသို့ အုန်းဒုတ် - အလယ်တန်း (ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးက အနီးကပ်ကြီးကြပ်ပြီး ကျောင်းပေါင်း(၁၇)ကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး ဆရာကြီးများအား  စနစ်တကျ မျှဝေခဲ့ကြကြောင်း သိရသည်။


MDN