မော်လူး  ၇   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင် နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မော်လူးမြို့အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ စိုက်ထူမည့်မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးသွန်းရုပ်တုအား အကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ဒေသခံများက စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည် ။

 

အဆိုပါ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ကြေးသွန်းရုပ်တုအား ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးစိုးမြင့်နှင့် အတွင်းရေးမှူးဦးချိတ်တို့ က မန္တလေးမြို့မှ သယ်ဆောင်လာရာ အင်းတော်မြို့သို့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် ရောက်ရှိပြီး ခေတ္တညအိပ်ရပ်နားကာ ယနေ့နံနက် ၁၁ နာရီခွဲ အချိန်တွင် မော်လူးသို့ရောက်ရှိလာစဉ် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကြိုဆိုရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မော်လူးအခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့ဝင်များနှင့် ကျောင်းသား ကျောင်းသူများစုစု‌ပေါင်းအင်အား ၂ဝဝဝ ခန့် တို့က ကြိုဆို့ခဲ့ကြသည် ။

 

၎င်းကြေးသွန်းရုပ်တုမှာ အမြင့် ၉ ပေ ၊ ကြေးပိသာချိန် ၅၀ဝ ခန့်ဖြင့် မန္တလေးမြို့ ဖိုက်စတားကြေးသွန်းလုပ်ငန်းမှသွန်းလုပ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း(၁၇၀)ခန့်ကို ဒေသခံအလှူရှင်များက စုပေါင်းထည့်ဝင်ကာ မော်လူးမြို့အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း၌ စိုက်ထူမည်ဖြစ်ကြောင်း သိရသည် ။

 

နီတိုး

 

11