မြောင်၊ ၁၃  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာတွင် ဒေသခံတစ်ဦးမှ ရွာအနောက်ဘက်ရှိ ဧရာဝတီမြစ်အတွင်းသို့‌ ရေဆင်းချိုးရာမှ ရွှေထည်ပစ္စည်းမျိုးစုံကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွှေထည်ပစ္စည်းများမှာ လက်ရာမြောက်စွာဖြင့် ပြုလုပ်ထားသော ပစ္စည်းများဖြစ်ပြီး မည်သည့်ခေတ် လက်ရာနှင့် မည်သည့်နေရာများတွင် ဝတ်ဆင်အသုံးပြုသည်ကို မခန့်မှန်းနိုင်သေးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

 

mdn

 

အဆိုပါ ရွှေထည်ပစ္စည်းများကို ဒေသခံပြည်သူ ၆ ဦးခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ကာ ၎င်းရွှေထည်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနမှ တစ်ဆင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဌာနသို့ ဆက်လက် ပေးပို့အပ်နှံရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထက်ထက်(ပြန်/ဆက်)