မြောင်၊ ၂၈ ဒီဇင်ဘာ
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြောင်မြို့တောင်ရပ်ကွက်၊ မြောင်-ပရိမ္မ ကားလမ်းတစ်လျှောက်တွင် ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက LED မီးများ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
“ယခင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့သည့် LED မီးလုံး(၅၀)ကို မြို့အဝင်မှစ၍ တပ်ဆင်ခဲ့ပြီး ဖြစ်ပါတယ်၊ ယခု ကျန်ရှိနေတဲ့ တောင်ရပ်ကွက် မြောင်-ပရိမ္မ ကားလမ်းမှာ LED မီးလုံး (၂၀)ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တပ်ဆင်ပေးခြင်း ဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ထင်မောင်မောင်က ပြောသည်။
မြောင်မြို့အတွင်း မြောင်-ပရိမ္မ ကားလမ်းတစ်လျှောက်တွင် LED မီးလုံးများ တပ်ဆင်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
တင်ကိုကို(မြောင်)


