မြောင်းမြ ၁၂ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ရွေးကောက်ပွဲကော်မရှင်က ကြီးမှူးဖွင့်လှစ်သော ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို မြောင်းမြမြို့ မြရွှေဝါခန်းမ၌ ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

mdn

 

သင်တန်းသို့ မြောင်းမြခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ သင်တန်းသား/ သင်တန်းသူ (၃၁)ဦး တက်ရောက်ခဲ့ကြပြီး  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဟာဗျူဟာ စီမံကိန်းပန်းတိုင်များ၊ ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေများ၊ လမ်းညွှန်ချက်များ၊ မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် မဲရုံမှူး ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်ပါ လုပ်ဆောင်ရမည့် ဆောင်ရန်ရှောင်ရန် အချက်များကို ခရိုင်ကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းစိုးနှင့် တာဝန်ရှိသူများက သင်တန်းပေးပို့ချခဲ့ကြောင်း၊ သင်တန်းနောက်ဆုံးနေ့တွင် ဆန္ဒမဲပေးခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)