မြောင်းမြ မေ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မေ ၁၆ ရက်က မြောင်းမြမြို့နယ် ကျုံဝါးကျေးရွာ၊ စိုက်ပျိုးပညာပေးစခန်းတွင် ကျင်းပသည့် မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိရေးအတွက် တောင်သူများအား အထွက်ကောင်း မျိုးသန့်မျိုးစပါးနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) မျိုးစေ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိစေရေးအတွက်  ကြိုးစားစိုက်ပျိုး ဆောင်ရွက်ကြရန် တောင်သူများအား မှာကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား အထွက်ကောင်းမျိုးသန့် မျိုးစပါးများဖြစ်သည့် ရက်၉၀ မျိုးစပါး၊  ပေါ်ဆန်းရင်မျိုးစပါး၊  ဧရာမင်းမျိုးစပါး၊ သီးထပ်ရင်မျိုးစပါး၊ ဆင်းသုခမျိုးစပါးများနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) မျိုးစေ့များကို ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့သည်။

 

မြောင်းမြ(ပြန်/ဆက်)