မြောင်းမြ မတ် ၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။
ဦးစွာ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေမှူး ဒေါ်ဇင်ဝင်းမော်က ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် သူနာပြုသင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းသူများ ပူးပေါင်းကာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဖြိုး (ပြန်/ဆက်)


