မြောင်းမြ ၂၄ နိုဝင်ဘာ
COVID – 19 ရောဂါ ကူးစက်မှု အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၈ ရက်ကတည်းက ယာယီပိတ်သိမ်းထားသည့် မြောင်းမြမြို့အမှတ်(၂)ရပ်ကွက်၊ ဦးဘချို လမ်းရှိမြို့မစျေးအား နိုဝင်ဘာ ၂၄ရက်နေ့မှစ၍ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့မစျေးဖွင့်လှစ်ရောင်းချမှုအား မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့်အ ရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှုဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့သဖြင့် စျေးသူ၊စျေးသားများနှင့် စျေးသွားစျေးလာသူများမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)


