မြောင်းမြ ဇူလိုင် ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်အချိန်တွင် ဥသြဆွဲ အလေးပြုခြင်း၊ သွားလာနေသော ယာဥ်များမှ ဟွန်းတီးရပ်တန့်နေခြင်းများကို ဆောင်ရွက်ပြုလုပ်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းများ၊ အထိမ်းအမှတ် ရင်ပြင်နေရာများတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း၊ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မီးသတ်စခန်းများမှ ဥသြဆွဲခြင်း၊ အလေးပြုခြင်း၊ သွားလာနေသောယာဥ်များ ရပ်တန့်၍ ဟွန်းတီးခြင်း၊ ငြိမ်သက်နေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)