မြောင်းမြ  ၁၇  မတ်   

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အခြေခံစက်ချုပ်သင်တန်းကို  မြောင်းမြမြို့နယ်၊ မြို့ဟောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌  မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ရာ မြို့ဟောင်း၊ ကုန်းသာ၊ ငါးရွာစု၊ ပိန္နဲချောင်း၊ ငါးမြင်းချောင်း၊ အထက်စု၊ ကြွက်နွယ်ချောင်း၊ မြစိမ်းတောင်၊ ညောင်ပင်ကြီး ကျေးရွာတို့မှ အမျိုးသမီး သင်တန်းသူ (၃၀)ဦးတို့ တက်ရောက်ကြသည်။

 

720

 

အမျိုးသားတွေအတွက် အခြေခံ စက်ပြင်သင်တန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဖွင့်လှစ်ခဲ့ပြီး အမျိုးသမီး စက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်၊ ကျေးရွာပြည်သူတွေ အိမ်တွင်းမှု လုပ်ငန်းများနဲ့  တစ်နိုင်တစ်ပိုင် ဝင်ငွေတိုးပွားစေရေး ရည်ရွယ်ပါတယ် ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးက ပြောသည်။

       

အဆိုပါသင်တန်းကို ကျွမ်းကျင်စက်ချုပ် သင်တန်းဆရာမက အခြေခံအမျိုးသမီးဝတ် အင်္ကျီချုပ်နည်း (၁၉) နည်းကို မတ် ၁၆ ရက်နေ့မှ ဧပြီ ၁၆ ရက်နေ့အထိ (၁)လ ကြာ သင်ကြားပြသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    

အောင်မင်း(မြောင်းမြ)