မြောင်းမြ ၊ ၆ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် သီလရှင်ကျောင်းများရှိ သံဃာ တော်များ၊ သီလရှင်များ ဆွမ်းကိစ္စခက်ခဲမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကော်မတီနှင့် မြို့မိမြို့ဖ အလှူရှင်များမှစုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်၊ဆီနှင့် ဆားများ ဒုတိယအကြိမ် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက အလယ်တောရ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလယ်တောရကျာင်းတိုက်ဆရာတော် အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသီဟ (နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်)ထံမှ ငါးပါးသီလခံယူ၍အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး (မြောင်းမြမဲဆန္ဒနယ်မြေ(၂)) ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့မိမြို့ဖ အလှူရှင်များက မြောင်းမြမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၃၉၂)ကျောင်း၊ သီလရှင်ကျောင်း (၆)ကျောင်းတို့ရှိ သံဃာတော်အပါး (၉၁၀)၊ သီလရှင်(၂၀၇)ပါး၊ စုစုပေါင်း(၁၁၁၇)ပါးတို့အား ဆန်(၃၅၀)အိတ်၊ စားသုံးဆီ(၅၅၂)ပိဿာ၊ဆား(၃၅၆)ပိဿာ၊ စုစုပေါင်း တန်းဖိုးငွေကျပ် (၁၁၈၉၉၄၀ဝ)ကို ဆက်ကပ် လှူဒါန်းခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)


