မြောင်းမြ ၆  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ပြည်သူများအား သုတ၊ ရသစာအုပ်များကို အလွယ်တကူ အခမဲ့ ငှားရမ်းနိုင်ရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ဗဟုသုတများ တိုးပွား၍ အချိန်ကို အကျိုးရှိစွာ သုံးစွဲတတ်စေရန် ရည်ရွယ်၍ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက စတင်ပြီး  ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ စာဖတ်ပရိသတ်များအား စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။

 

ငှားရမ်းပေးသည့် စာအုပ်များမှာ သုတ၊ ရသ စာအုပ်များ၊ ဝတ္ထုနှင့် ကလေးစာပေများ စုံလင်စွာ အခမဲ့ ငှားရမ်းပေးလျက်ရှိပြီး နှစ်ပတ်လျှင် (၁) ကြိမ် လဲလှယ်ငှားရမ်း၍ ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း သိရှိရသည်။

 

စန္ဒာမိုး(ပြန်/ဆက်)