မြောင်းမြ ၁၄ ဖေဖော်ဝါရီ
မြောင်းမြခရိုင် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့ပူးပေါင်း ဆောင်ရွက်သော "ယာဉ်အန္တရာယ် ကင်းရှင်းဖို့ အားလုံးပူးပေါင်းပါ ဝင်စို့" ခေါင်းစဉ်ဖြင့်ပြည်သူ့ စကားဝိုင်းအခမ်း အနား ကို မြောင်းမြမြို့ အ.ထ.က(၁) ကျောင်း၊ ပညာရတနာခန်းမ၌ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မွန်းလွဲ(၂)နာရီ အချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပြည်သူ့စကားဝိုင်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးညွှန့်ဝင်း၊ အမှတ်(၈၁)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှဒုရဲမှူးလှထွန်း၊ လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းမြင့်၊ BookClub ဥက္ကဌ ဦးမော်မျိုးထွန်း၊ မြို့မိမြို့ဖ ဒေါက်တာမောင်မောင်အောင်တို့က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ရာ မည်သူမဆို တက်ရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။
ကေခိုင်စိုး(မြောင်းမြ)