မြောင်းမြ       ၅   မေ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် အစုကြီးကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ကျေးရွာအတွင်းရှိ သောက်ရေကန် ၊ ရေတွင်းများတွင် ကလိုရင်းဆေးခပ်ခြင်း ၊  နေအိမ်များတွင် ဖုန်းသွန်လဲစစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

11825

 

" ကျေးရွာပြည်သူတွေ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဖို့အတွက် ရေတွင်းရေကန်တွေမှာ ကလိုရင်း ဆေးခပ်ပေးတာပါ ၊ နောက်တဆက်တည်းမှာ မိုးရောက်တော့မှာဖြစ်တဲ့အတွက် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ဖို့အတွက် နေအိမ်တွေမှာ ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းတွေ လုပ်ဆောင်ပြီး အသိပညာပေး ဆောင်ရွက်ခဲ့ပါတယ် "ဟု စကမြားကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်လှလှဌေးက ပြောကြားသည်။

 

မြောင်းမြမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာဖြစ်ပွားသူ (၆၅)ဦး ဆေးရုံတက် ကုသမှုခံရပြီး သေဆုံးမှုမရှိကြောင်းနှင့် ယခု ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကာလအတွင်း  မြောင်းမြမြို့ပေါ် ရပ်ကွက်တခု၌ မေလ ၃ ရက်နေ့က သွေးလွန်တုပ်ကွေး ရောဂါပိုး တစ်ဦး တွေ့ရှိကြောင်း ၊ ထို့ကြောင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြောင်းမြ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ငှက်ဖျားတိုက်ဖျက်ရေးမှူး ဆရာဦးသောင်းရွှေ ပြောကြားချက်အရ သိရသည်။

 

အောင်မင်း (မြောင်းမြ)

 

11845