မြောင်းမြ   ၂၉  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရေးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားမော်တော်ယာဉ်ဖြင့် ယနေ့ နံနက်ပိုင်းက မြောင်းမြမြို့နယ် တောင်ပေါ်စု ကျေးရွာသို့သွားရောက်ကာ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများပေးဝေခဲ့ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)