မြောင်းမြ အောက်တိုဘာ ၁၃
မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနစ် မိုးရာသီသုတေသနနှင့် မျိုးသန့်ထုတ်လုပ်မှု အခြေအနေ ကွင်းသရုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ဒေသသုတေ သနဗဟိုဌာန (မြောင်းမြ) ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲတွင် ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၌ စိုက်ပျိုးလျက်ရှိသော မိုးရေသောက်လယ်စပါး၊ အရည်အသွေးကောင်းစပါးနှင့် ရေမြုပ်ခံစပါးသုတေသနများ၏ တောင်သူ့အဆင့်နှင့် အကွက်ကျယ် သုတေသန စမ်းသပ်ကွက်များ၏ မျိုးလိုင်းများအားတောင်သူနှင့် အတူရွေးချယ်၍ ကွင်းသရုပ်ပြ ဆောင်ရွက် ခဲ့ကြပြီး ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)မှ တာဝန်ခံသုတေသနအရာရှိ ဒေါ်ဖြူပြာလွင်နှင့် ဝန်ထမ်းများမှ တောင်သူများသိလိုသည်များကို ရှင်းလင်းပြောကြား ဆောင်ရွက်ပေးခဲ့သည်။
သရုပ်ပြပွဲသို့ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များ၏ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများ၊ အကျိုးဆောင်တောင်သူများ၊ ခြံတာဝန်ခံများ၊ ဆန်စပါးလုပ်ငန်းရှင်များ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)